ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်
ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (အင်္ဂလိပ်: Ayeyarwaddy Farmers Development Bank; အတိုကောက် A Bank) သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် တွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ စတင် တည်ထောင်ခဲ့သည်။[၁] ဘဏ်ရုံးချုပ်များကို အမှတ်(၁၀၈)၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့်အမှတ်(၃၃)၊ မဟာဗန္ဓုလလမ်းနှင့် မြိုင်ဟေမာလမ်းထောင့်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားသည်။ ဦးဆောင်သူမှာ ဦးအာယု ဖြစ်သည်။[၂][၃][၄] ၂၀၂၄ အချက်အလက်များအရ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ မြဝတီ၊ နေပြည်တော်၊မန္တလေး စသည်တို့တွင် ဘဏ်ခွဲပေါင်း ၄၈ ခု ဖွင့်လှစ်ထားသည်။[၅] ဘဏ်သမိုင်းကြောင်းဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (ခေါ်) A bank (အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၃/၂ဝ၁၄ နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။[၆] ဝန်ဆောင်မှုများထိုင်း – မြန်မာ နယ်စပ်ကုန်သွယ် ငွေလွှဲဝန်ဆောင်မှုအား ထိုင်းအခြေစိုက် Kasikorn Bank နှင့် ဆောင်ရွက်ခွင့်ရရှိထားသည်။[၇] ထိုင်း-မြန်မာ ဗဟိုဘဏ်များက Designated Bank အဖြစ် ရွေးချယ်ခြင်းအား ၂၀၂၂ မတ်လထဲတွင် ရရှိခဲ့၍ဖြစ်သည်။[၈] ယင်းအပြင် မြန်မာနိုင်ငံအတွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ကိုးကား
|